Dictionary Entries
Showing 681–700 of 34,671 words
က
ကလေဝါရ
[klèwàɹ]
Arakanese:
ဣန္ဒြေဂုဏ်သိက္ခာကို မစောင့်စည်းဘဲ ဆင်မြင်းခွေဝက် တိရိစ္ဆာန်ပိုင် မရှောင်မကွယ်ပြုမှုဗျာယ်
Burmese:
ဣန္ဒြေဂုဏ်သိက္ခာကို မစောင့်စည်းဘဲ ဆင်မြင်းခွေဝက် တိရိစ္ဆာန်ကဲ့သို့ မရှောင်မကွယ်ပြုမှုလျက်
English:
indecently
Grammar Note:
ကြိယာဝိသေသန
ကလောက်ကကျီ
[klɔ́ɛʔkt͡ɕí]
Arakanese:
ဆီးရွက်ကြီးကို နူပ်နူပ်စဉ်းပြီး၊ သကာဆီးခေါ် ဆီးရည်နန့် သမအောင် နယ်ဗျာယ် ကုလားရို့ သောက်ရှူသော ပန်းတူ တမျိုး
Burmese:
ဆေးရွက်ကြီးကို နူပ်နူပ်စဉ်းပြီး၊ သကာဆီးခေါ် ဆေးရည်နှင့် သမအောင် နယ်လျက် ကုလားတို့ သောက်ရှူသော ဆေးတံ တစ်မျိုး
English:
pipe (smoking artcle)
Grammar Note:
နာမ်
ကလောင်ကျီ
[klàʊɴt͡ɕí]
Arakanese:
ဆီးရွက်နှင့် ဆီး အစာ သတ်သတ်ကို လိပ်ထားရေ ဆီးလိပ်။ ဆီးသားလိပ်
Burmese:
ဆေးရွက်နှင့် ဆေး အစာ သက်သက်ကို လိပ်ထားသော ဆေးလိပ်။ ဆေးပြင်းလိပ်
English:
cheroot cigar
Grammar Note:
နာမ်
ကလောင်နာမည်
[klàʊɴnàmɛ̀]
Arakanese:
စာရီး ရာမာ စာရီးသူ၏ အမည်
Burmese:
စာရေး ရာတွင် စာရေးသူ၏ အမည်
English:
pen name - author name - nom de plume
Grammar Note:
နာမ်
ကလောင်ရှင်
[klàʊɴʃɪ̀ɴ]
Arakanese:
ကဗျာ၊ ဝတ္တု အစဟိရေ စာပီတိကို ရီးသား သူ
Burmese:
ကဗျာ၊ ဝတ္တု စသော စာပေများကို ရေးသား သူ
English:
author - writer
Grammar Note:
နာမ်
ကလော်
[klɔ̀]
Arakanese:
ဣန္ဒြေမဟိ။ ဂုဏ်သိက္ခာမဟိ
Burmese:
ဣန္ဒြေမရှိ။ ဂုဏ်သိက္ခာမရှိ
English:
undignified
Grammar Note:
ကြိယာ
ကလော်ကမာ
[klɔ̀kmà]
Arakanese:
ကာမ ဂုဏ်၌ မွိလျော်လိုမှုနန့် မသင့် မလျော်သော စကားကို ပြောဆို ပြုမူခြင်း
Burmese:
ကာမ ဂုဏ်၌ မွေ့လျော် လိုမှုဖြင့် မသင့် မလျော်သော စကားကို ပြောဆို ပြုမူခြင်း
English:
unfitting manner
Grammar Note:
နာမ်
ကလော်ကမာ၂
[klɔ̀kmà၂]
Arakanese:
လူမှုရီး အနိန်နန့် သင့်တင့် လျော်ကန်မှု မဟိရေ အပြုအမှု။ အပြောအဆို။ မဖွယ်မရာ ပြောဆို ပြုမှုခြင်း
Burmese:
လူမှုရေး အားဖြင့် သင့်တင့် လျော်ကန်မှု မရှိသော အပြုအမှု။ အပြောအဆို။ မဖွယ်မရာ ပြောဆို ပြုမှုခြင်း
English:
unpleasant manner
Grammar Note:
နာမ်
ကလော်မ
[klɔ̀m]
Arakanese:
အကျင့်ဖောက်ပြန်သော။ စောင့်စည်းထိန်းသိမ်းမှုမဟိရေ။ အကျင့်ဆိုးညစ်သော မမာ့
Burmese:
အကျင့်ဖောက်ပြန်သော။ စောင့်စည်းထိန်းသိမ်းမှုမရှိသော။ အကျင့်ဆိုးသွမ်းသော မိန်းမ
English:
immoral
Grammar Note:
နာမဝိသေသန
ကလော်မ၂
[klɔ̀m၂]
Arakanese:
အမျိုးသမီးကို နှိမ့်ချပနာ ကော်ဆဲရေ စကား
Burmese:
အမျိုးသမီးကို နှိမ့်ချ၍ ဆဲဆိုသော စကား
English:
Humbled women who swear words
Grammar Note:
နာမ်
ကလွေ
[klwè]
Arakanese:
အိမ်ထောင် ပြုခြင်း မဟိသိမ့်ရေ ယောက်ျား။ လပျို
Burmese:
အိမ်ထောင် ပြုခြင်း မရှိသေးသော ယောက်ျား။ လူပျို
English:
bechelor - unmarried boy who was reached the age of puberty ( as in ~ဖြစ်ဗျာယ်)
Grammar Note:
နာမ်
ကလွေကြီး
[klwèt͡ɕï]
Arakanese:
အိမ်ထောင် ပြုခြင်း မဟိသိမ့်ရေ ယောက်ျား။ လပျိုကြီး
Burmese:
အိမ်ထောင် ပြုခြင်း မရှိသေးသော ယောက်ျား။ လူပျိုကြီး
English:
confirmed bachelor - unmarried
Grammar Note:
နာမ်
ကလွေဂေါင်း
[klwèɡèàɪ́ɴ]
Arakanese:
လပျို ဂေါင်းဆောင်။ လပျို လူရွယ်တိကို စည်းရုံး ဂေါင်းဆောင်သော သူ။ လပျို ဂေါင်းဆောင်
Burmese:
လူပျို ခေါင်းဆောင်။ လူပျို လူရွယ်များကို စည်းရုံး ခေါင်းဆောင်သော သူ။ ကာလသား ခေါင်းဆောင်
English:
leader of a group of bachelors in a village or ward. Also ကာလသားဂေါင်း။
Grammar Note:
နာမ်
ကလွေစကား
[klwèská]
Arakanese:
မမာ့အား ယောက်ျားက ချစ်ကြိုက် ကြောင်းကို ပြောဆိုရေ စကား
Burmese:
မိန်းမအား ယောက်ျားက ချစ်ကြိုက် ကြောင်းကို ပြောဆိုသော စကား
English:
love word - make advances to - make a pass at
Grammar Note:
နာမ်
ကလွေပေါက်
[klwèpaʊʔ]
Arakanese:
အရွယ်ရောက်ဦးစ ယောက်ျားငယ်
Burmese:
အရွယ်ရောက်ဦးစ ယောက်ျားငယ်
English:
male adolescent - stripling
Grammar Note:
နာမ်
ကလွေပြောင်
[klwèpɹàʊɴ]
Arakanese:
မကြီးမငယ် အလယ် အလတ် ဖြစ်ရေ လပျို လူရွယ်
Burmese:
မကြီးမငယ် အလယ် အလတ် ဖြစ်သော လူပျို လူရွယ်
English:
adolescent
Grammar Note:
နာမ်
ကလွေမယ်
[klwèmɛ̀]
Arakanese:
အရွယ်ရောက်စ အပျို ရွယ်
Burmese:
အရွယ်ရောက်စ မိန်းမပျို ရွယ်
English:
virgin
Grammar Note:
နာမ်
ကလွေမယ်ကြီး
[klwèmɛ̀t͡ɕï]
Arakanese:
အသက် အရွယ် ကြီးရင့်သော မမာ့။ အပျိုကြီး
Burmese:
အသက် အရွယ် ကြီးရင့်သော မိန်းမ။ အပျိုကြီး
English:
spinster
Grammar Note:
နာမ်
ကလွေမယ်သျှေ
[klwèmɛ̀ʃè]
Arakanese:
ငယ်ရွယ် နုပျိုသော အမျိုးသမီး
Burmese:
ငယ်ရွယ် နုပျိုသော အမျိုးသမီး
English:
girl
Grammar Note:
နာမ်
ကလွေရောဂါ
[klwèɹɔ́ɡà]
Arakanese:
ကာမ ဆက်ဆံမှုကြောင့် ကူးစက် ဖြစ်ပွားသော အနာ ရောဂါ တမျိုး
Burmese:
ကာမ ဆက်ဆံမှုကြောင့် ကူးစက် ဖြစ်ပွားသော အနာ ရောဂါ တစ်မျိုး
English:
venereal disease
Grammar Note:
နာမ်