Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 761–780 of 34,671 words

    က

    ကာ၇

    [kà၇]
    ဟန့်ဟန့်ရေ။ ထီးရေ။ ကာသည်
    တားဆီးသည်။ ပိတ်ဆို့သည်။ ကာသည်
    hold - cover - prevent
    ကြိယာ

    ကား၇

    [ká၇]
    နံဖီးအနားဟိ တခုတရီကို ညွန်ပြလိုရေတွက်နန့် ကြိယာ အဆုံးသတ် စကားလုံး
    အနီးအနားရှိ တစ်စုံတစ်ခုကို ညွန်ပြလို၍ ကြိယာ အဆုံးသတ် စကားလုံး
    curtain (of stage) - The block
    နာမ်

    ကား၈

    [ká၈]
    ရာဇ၀တ်သားရို့ကို သတ်ဖြတ်ရိုက်နှိက်ရန် လက်ခြေရို့ကို ဖြန့်ကာ၊ စွဲနှောင်ထားရေ ကားတိုင်
    ရာဇ၀တ်သားတို့ကို သတ်ဖြတ်ရိုက်နှိက်ရန် လက်ခြေတို့ကို ဖြန့်ကာ၊ စွဲနှောင်ထားသော ကားတိုင်
    bamboo pole
    နာမ်

    ကာကရာ

    [kàkɹà]
    တမျိုး တဖုံပြောင်းလဲရေ။ လုပ်ကြံ ဝါသည်
    တစ်မျိုး တစ်ဖုံပြောင်းလဲသည်။ လုပ်ကြံ လိမ်လည်သည်
    hoodwink
    ကြိယာ

    ကားကား

    [káká]
    ကားပြန့်သည်
    ကားပြန့်သည်
    widespread
    ကြိယာ

    ကာကွယ်

    [kàkwɛ̀]
    ဟန့်တား ပိတ်ပင်သည်
    တားဆီး ပိတ်ပင်သည်
    prevent - defend - protect - immunize
    ကြိယာ

    ကာချ

    [kàɕ]
    စာရီးရာမာ သုံးရေ။ ထီးရေ။ ကာရေ။ ဗျည်းမာ ရသ ကပ်လိုရာမာသုံးရေ။ ထီးရေ။ ကာရေ။ ဗျည်း အက္ခရာ၏ ညာဘက်မှ ကပ်ပြီးကေ ရီးရေ့ သရ သင်္ကေတ တမျိုး
    စာရေးရာတွင် သုံးသည်။ ပိတ်ဆို့သည်။ ကာသည်။ ဗျည်းတွင် ရသ ကပ်လိုရာတွင်သုံးသည်။ ပိတ်ဆို့သည်။ ကာသည်။ ဗျည်း အက္ခရာ၏ လက်ယာဘက်မှ ကပ်လျက် ရေးသည့် သရ သင်္ကေတ တစ်မျိုး
    The block
    နာမ်

    ကာချပ်

    [kàɕaʔ]
    ပီစာ၊ ပရပိုက်စာ၏ မျက်နှာ နံပါတ် နှစ်ခုမြောက်သော စာမျက်နှာ
    ပေစာ၊ ပရပိုက်စာ၏ မျက်နှာ နံပါတ် နှစ်ခုမြောက်သော စာမျက်နှာ
    The two faces of the pipe number page
    နာမ်

    ကားချပ်

    [káɕaʔ]
    ပေ၊ ပရပိုက်စာ၏ စာမျက်နှာ နံပါတ် ၁၂ခုမြောက်ဖြစ်ရေ အက္ခရာ အမှတ်အသား
    ပေ၊ ပရပိုက်စာ၏ စာမျက်နှာ နံပါတ် ၁၂ခုမြောက်ဖြစ်သော အက္ခရာ အမှတ်အသား
    The two faces of the pipe number page
    နာမ်

    ကာချပ်၂

    [kàɕaʔ၂]
    ရန်သူ၏ ဓါး၊ လှံ၊ မြှား အစဟိစွာရို့ကို ဟန့်တားရန် သံပြား ဝိုင်းကို လက်မာ တတ်ဆင် ထားရေ့ အကာ
    ရန်သူ၏ ဓါး၊ လှံ၊ မြှား စသည်တို့ကို တားဆီးရန် သံပြား ဝိုင်းကို လက်တွင် တတ်ဆင် ထားသည့် အကာ
    shield
    နာမ်

    ကာချော

    [kàɕɔ́]
    တတ်သိလိမ္မာသည် မဟုတ်ဘဲ မရေမရာ။ ယနာနာ
    တတ်သိလိမ္မာသည် မဟုတ်ဘဲ မရေမရာ။ ယောင်ချာချာ
    bad
    ကြိယာဝိသေသန

    ကာချော၂

    [kàɕɔ́၂]
    တတ်သိလိမ္မာသည် မဟုတ်ဘဲ။ ညံ့ဖျင်းသော။ သိမ်ငယ်သော
    တတ်သိလိမ္မာသည် မဟုတ်ဘဲ။ ညံ့ဖျင်းသော။ သိမ်ငယ်သော
    bad
    နာမဝိသေသန

    ကားစင်

    [kásɪ̀ɴ]
    ရာဇ၀တ်သားရို့ကို သတ်ဖြတ်ရာစင်
    ရာဇ၀တ်သားတို့ကို သတ်ဖြတ်ရာစင်
    cross to crucify sb
    နာမ်

    ကားစင်တင်

    [kásɪ̀ɴtɪ̀ɴ]
    ရာဇ၀တ်သားရို့ကို သတ်ဖြတ်ရန် ကားစိုင်မာ တင်ထားရေ
    ရာဇ၀တ်သားတို့ကို သတ်ဖြတ်ရန် ကားစင်တွင် တင်ထားသည်
    stretch taut ( a piece of cloth over a frame ) crucify sb
    ကြိယာ

    ကာစိ

    [kàsì]
    နိူင်းဖက် တခုတရီ အရွယ် ပမာဏသိမ့်ရေ။ မကြီးရေ အရာ
    ယှဉ်ဖက် တစ်စုံတစ်ရာ အရွယ် ပမာဏသေးသော။ မကြီးသော အရာ
    small
    နာမဝိသေသန

    ကာစိကနာသျှေ

    [kàsìknàʃè]
    ဗွေမယူရလောက်ယောင်ငယ်သော။ ပကတိအရွယ်ထက်ငယ်သော
    အလေးမထားရလောက်အောင်ငယ်သော။ ပကတိအရွယ်ထက်ငယ်သော
    extra small
    နာမဝိသေသန

    ကာစိနာ

    [kàsìnà]
    အရွယ်အစား တဝတဝငယ်သော
    အရွယ်အစား အလွန်သေးငယ်သော
    extra small
    နာမဝိသေသန

    ကာစိနာသျှေ

    [kàsìnàʃè]
    အလီး မထားရလောက်ယောင် ငယ်သော။ ပကတိ အရွယ်ထက် ငယ်သော
    အလေး မထားရလောက်အောင် ငယ်သော။ ပကတိ အရွယ်ထက် ငယ်သော
    small
    နာမဝိသေသန

    ကာစီ

    [kàsí]
    စိကေချေ ကာနာသူ
    အနည်းငယ် မျက်စိစွေသူ
    Cross-eyed
    နာမ်

    ကာစောင်း

    [kàsáʊɴ]
    စိကေချေ စောင်းသော။ မဖြောင့်မတည့်ဖြစ်ရေ။ မျက်စိစိကေချေ စွေသော
    အနည်းငယ် စောင်းသော။ မဖြောင့်မတည့်ဖြစ်သော။ မျက်စိအနည်းငယ် စွေသော
    Cross-eyed
    နာမဝိသေသန