Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 781–800 of 34,671 words

    က

    ကာစောင်း၂

    [kàsáʊɴ၂]
    တဖက် မြင့်ပနာ တဖက် နိမ့်သော အရာ (လမ်း၊ မြီပြင် အစဟိစွာ)
    တစ်ဖက် မြင့်၍ တစ်ဖက် နိမ့်သော အရာ (လမ်း၊ မြေပြင် စသည်)
    unevenly ground
    နာမ်

    ကာစောင်းတင်

    [kàsáʊɴtɪ̀ɴ]
    ထပိန်ကို တဖက်မြင့်တင်ပနာ တဖက်ကို ခပ်ယွန်းယွန်း အောက်ကိုချ၀တ်ဗျာယ်
    ထမီကို တစ်ဖက်မြင့်တင်၍ တစ်ဖက်ကို ခပ်ယွန်းယွန်း အောက်သို့ချ၀တ်လျက်
    none
    ကြိယာဝိသေသန

    ကာဆီး

    [kàsʰï]
    ပိတ်ပင်ဟန့်ဟန့်သည်
    ပိတ်ပင်တားဆီးသည်
    obstruct - shield (as in လေကောင်းလေသန့်ကို တိုက်အိမ်ကြီးက ~နေ-)
    ကြိယာ

    ကာဆီးကာဆီး

    [kàsʰïkàsʰï]
    ကိုယ့်ပြုလုပ်ရဖို့ အလုပ်ကို နှောင့်ယှက်ဟန်ဟန့်သည့် အနေနန့်
    မိမိပြုလုပ်ရမည့် အလုပ်ကို နှောင့်ယှက်ဟန်တားသည့် အနေဖြင့်
    obstruct - shield (as in ရှေ့က ~မနေကေ-)
    အာလုပ်

    ကာဆွဲပေါက်

    [kàsʰwɛpaʊʔ]
    မြို့ရိုး သူရဲခိုရို့မာ ပြောင်း သေနပ် ပစ်ဖောက်ရန် ဖီလာ ပေါက်ထားရေ့ အပေါက်
    မြို့ရိုး သူရဲခိုတို့၌ ပြောင်း သေနပ် ပစ်ဖောက်ရန် ဖီလာ ပေါက်ထားသည့် အပေါက်
    crenel (see illus. at မြို့ရိုး) - wall of the right gun to confront the hole
    နာမ်

    ကာဏာ

    [kànà]
    မျက်စိ တဖက် စောင်းသော သူ။ မျက်စိ အစုံ ကန်းသော သူ
    မျက်စိ တစ်ဖက် စောင်းသော သူ။ မျက်စိ အစုံ ကန်းသော သူ
    sightless man
    နာမ်

    ကာဏာ၂

    [kànà၂]
    အမှတ်တမဲ့သတိမထားပနာ မားယွင်းပြုလုပ်မိရေ အရာမာ သုံးသော စကားလုံး
    အမှတ်တမဲ့သတိမထား၍ မှားယွင်းပြုလုပ်မိသည့် အရာ၌ သုံးသော စကားလုံး
    mistake
    ဥပစာ

    ကာဏာရိဋ

    [kànàɹìt]
    မျက်စိ တဖက် စောင်းသော သူ။ မျက်စိအစုံ ကန်းသော သူ
    မျက်စိ တစ်ဖက် စောင်းသော သူ။ မျက်စိအစုံ ကန်းသော သူ
    sightless man
    နာမ်

    ကားတင်

    [kátɪ̀ɴ]
    ရာဇ၀တ်သားရို့ကို သတ်ဖြတ်ရန် ကားစိုင်မာ တင်ထားရေ
    ရာဇ၀တ်သားတို့ကို သတ်ဖြတ်ရန် ကားစင်တွင် တင်ထားသည်
    stretch taut ( a piece of cloth over a frame ) crucify sb
    ကြိယာ

    ကားတိုင်

    [kátàɪɴ]
    ရာဇ၀တ်သားရို့ကို သတ်ဖြတ်ရန် ပြုလုပ်ထားရေ တိုင်မာ တနည်း အပင်မာ လက်နှစ်ဖက် ခြေနှစ်ဖက် အစုံကို ချိုင်နှောင်ရန် သစ်သားတန်း အထက်တချောင်း အောက်တချောင်းဖြင့် ပြုလုပ်ထားရေ အရာ
    ရာဇ၀တ်သားတို့ကို သတ်ဖြတ်ရန် ပြုလုပ်ထားသော တိုင်တွင် သို့မဟုတ် အပင်တွင် လက်နှစ်ဖက် ခြေနှစ်ဖက် အစုံကို ချည်နှောင်ရန် သစ်သားတန်း အထက်တစ်ချောင်း အောက်တစ်ချောင်းဖြင့် ပြုလုပ်ထားသော အရာ
    bamboo pole
    နာမ်

    ကာတု

    [kàtoʊ]
    ကျေးဇုသျှင်ကို ပြိုင်ဖက်ပြောဆိုရေ။ ကျေးဇုမဲ့စွာ ပြောဆိုရေ။ ကျေးဇုသျှင်ကို ကလန်ကဆန်သည်
    ကျေးဇူးရှင်ကို ပြိုင်ဖက်ပြောဆိုသည်။ ကျေးဇူးမဲ့စွာ ပြောဆိုသည်။ ကျေးဇူးရှင်ကို အန်တုသည်
    thankless - ‌against someone
    ကြိယာ

    ကာတူသေနပ်

    [kàtùθènaʔ]
    ယမ်းခဲလုံး ထည့်ပနာ ပစ်ဖောက် ရရေ လက်နက် တမျိုး
    ယမ်းခဲလုံး ထည့်၍ ပစ်ဖောက် ရသော လက်နက် တစ်မျိုး
    gun
    နာမ်

    ကာတောင်း

    [kàtáʊɴ]
    ရန်သူ၏ ဓါး၊ လှံ၊ မြှား အစဟိစွာရို့ကို ဟန့်တားရန် အချေစား ကာတမျိုး
    ရန်သူ၏ ဓါး၊ လှံ၊ မြှား စသည်တို့ကို တားဆီးရန် အငယ်စား ကာတစ်မျိုး
    shield
    နာမ်

    ကာဒရာ

    [kàdɹà]
    ဟိုကြည့် စွာကြည့် မငြိမ်မသက်သီာ မျက်နှာဟိရေ။ စွေသော မျက်လုံးဟိရေ
    ဟိုကြည့် သည်ကြည့် မငြိမ်မသက်သော မျက်နှာရှိသော။ စွေသော မျက်လုံးရှိသော
    Cross-eyed
    နာမဝိသေသန

    ကာဒရိကာဒရာ

    [kàdɹìkàdɹà]
    ဟိုကြည့် စွာကြည့်ဗျာယ်
    ဟိုကြည့် သည်ကြည့်လျက်
    nose around
    ကြိယာဝိသေသန

    ကာနံကုက္ကရ

    [kànံkoʊkə́kəɹ]
    မကြားကောင်း မနာသာကောင်းရေ စကား။ မတော် မလျော် မဖွယ်မရာ၊ တောင်စိုင်ရီမရ စကား
    မကြားကောင်း မနာသာကောင်းသော စကား။ မတော် မလျော် မဖွယ်မရာ၊ အကျိုးမရှိသော စကား
    tabowords
    နာမဝိသေသန

    ကာနီ

    [kàní]
    လယ် တသျှဉ်းမာ ၆ဒသမ ၄၀ဧက ဟိရာ ယင်း တသျှဉ်း၏ ၁၆ဖို့ ၁ဖို့ဖြစ်ရေ လယ်ယာ မြီကွက်။ (လယ် တသျှဉ်းမာ ၁၆ကာနီ ဟိရေ။ တိုင်းနီသည် သျှစ်တောင် ဝါးပြန်ဖြင့် အတာပြုပနာ စတုရန်း ပတ်လည် ဝါးပြန်ပေါင်း ၁၂၀ ဟိရေ။ နှစ်ကာနီခွဲသည် တ ဧကနန့် ညီမျှရေ။ တဆယ့် ခြောက်ကာ
    လယ် တစ်သျှဉ်းတွင် ၆ဒသမ ၄၀ဧက ရှိရာ ယင်း တစ်သျှဉ်း၏ ၁၆ဖို့ ၁ဖို့ဖြစ်သော လယ်ယာ မြေကွက်။ (လယ် တစ်သျှဉ်းတွင် ၁၆ကာနီ ရှိသည်။ တစ်ကာနီသည် ရှစ်တောင် ဝါးပြန်ဖြင့် အတာပြု၍ စတုရန်း ပတ်လည် ဝါးပြန်ပေါင်း ၁၂၀ ရှိသည်။ နှစ်ကာနီခွဲသည် တစ် ဧကနှင့် ညီမျှသည်။ တစ်ဆယ့် ခြောက်ကာ
    scale of field
    နာမ်

    ကာနီ၀က်

    [kàní၀ɛʔ]
    လယ်မြီ တဧက၏ ငါးပုံ တပုံ ဟိရေ လယ်ယာ မြီကွက်
    လယ်မြေ တစ်ဧက၏ ငါးပုံ တစ်ပုံ ရှိသော လယ်ယာ မြေကွက်
    farmyard
    နာမ်

    ကာနီ၂

    [kàní၂]
    တရား ဥပဒေ အရာ စကား ဆင်ခြင်ရာ သွီဗျာယ် အပြေအပြစ် ချောမောစွာ ပြောဆို တတ်ရေလူ
    တရား ဥပဒေ အရာ စကား ဆင်ခြင်ရာ သွယ်လျက် အပြေအပြစ် ချောမောစွာ ပြောဆို တတ်သောလူ
    lawyer- pleader - advocate - attorney
    နာမ်

    ကာနီခွဲ

    [kàníkʰwɛ]
    လယ်မြီ တဧက၏ ငါး ပုံ တပုံ ဟိရေ လယ်ယာ မြီကွက်
    လယ်မြေ တစ်ဧက၏ ငါး ပုံ တစ်ပုံ ရှိသော လယ်ယာ မြေကွက်
    farmyard
    နာမ်