သင်ခန်းစာ - ၁၄

ွှ (ဝဆွဲဟထိုး) နန့် ြွှ (ရရစ်ဝဆွဲဟထိုး)

ဝဆွဲ + ဟထိုး
ရွှ ရွှာ ရွှား နွှဲ
ရွှိ ရွှီ ရွှီး ရွှဲ
လွှ လွှာ လွှား လွှဲ
ရရစ် + ဝဆွဲ + ဟထိုး
မြွှ မြွှာ မြွှား

⭐ လိကျင့်ဖို့

ရွှ • ထရံရွှား • ရွှီတူပန်း • ရွှီဖလား • မြွှား • ကျော်လွှား • လမ်းလွှဲ • ရွှသွား
အဆီရွှဲ • ရွှီ • မွှီ • အနံ့မွှီး

🔢 ရခိုင်ဂဏန်းနန့် အခေါ်အဝေါ်

၁ - တစ်၂ - နှစ်၃ - သုံး၄ - လေး၅ - ငါး
၆ - ခြောက်၇ - ခနစ်၈ - သျှစ်၉ - ကိုး၁၀ - တဆယ်
တစ် နှစ် အားလုံးချစ်။ • သုံး လေး လာကတ်ဝေး။
ငါး ခြောက် ကျောင်းသို့ရောက်။ • ခနစ် သျှစ် တနှစ်ပြီးတနှစ်။
📅 ခနစ်ရက်တပတ်
တလင်းဂနီ၊ တလင်းလာ - ကိုယ်လက်လှုပ်ယှားပါ။ အင်္ဂါ၊ ဗုဒ္ဓဟူး - စာမကျန်အောင်ကူး။ ကြာသပတီး၊ သောကြာ - အိမ်စာလုပ်ဖို့ပါ။ စနီမာ ကျောင်းပိတ်ရက် - တပတ်ဆိုကေ ခနစ်ရက်။
📜 အဘာဝါ (ရခိုင်ရိုးရာသံချပ်)
အို အို အို ... အဘာဝါ ..၊ အဘာ ဆုံခွတ်လားခယင့်။ အမင်ဝါ ..၊ အမင် ဆုံပြောင်းလာခယင့်။ ဆုံဝါ ..၊ ဆုံ စပါးထောင်းလီယင့်။ စပါးဝါ ..၊ စပါး ကြက်ချေစားလီယင့်။ ကြက်ချေဝါ ..၊ ကြက်ချေ စွန်ရဲထိုးလီယင့်။ စွန်ရဲဝါ ..၊ စွန်ရဲ သစ်ခေါင်းဝင်လီယင့်။ သစ်ခေါင်းဝါ ..၊ သစ်ခေါင်း မီးတိုက်ပစ်လီယင့်။ မီးဝါ ..၊ မီးရီဆွတ် ပစ်လီယင့်။ ရီဝါ ..၊ ရီ ဆင်ပြောင်ကြီးသောက်လီယင့်။ ဆင်ပြောင်ကြီးဝါ ..၊ ဆင်ပြောင်ကြီး တောင်စဉ်ယောင်လီယင့်။ တောင်စဉ်ဝါ ..၊ တောင်စဉ် နနွင်းစိုက်လီယင့်။ နနွင်းဝါ ..၊ နနွင်း သင်းကန်းဆိုးလီယင့်။ သင်းကန်းဝါ ..၊ သင်းကန်း မောင်သျှင်ဝတ်လီယင့်။ မောင်သျှင်ဝါ ..၊ မောင်သျှင် ပန်းဆွတ်လားခယင့်။ ပန်းဝါ ..၊ ပန်း ဘုရားတင်လီယင့်။ ဘုရားဝါ..၊ ဘုရား နိဗ္ဗာန်ကူးလီယင့်လေ - ကူးလီယင့်။