ရခိုင်ပြည်နယ်အလံ

အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖော်ဆောင်ရာ

ရခိုင်ပြည်နယ်အလံ၏ အောက်ထက်ဝက်မာ အနီရောင် ဖြစ်ပြီးကေ အထက်ဖက်ထက်ဝက်မာ အဖြူရောင် ဖြစ်ပါရေ။ အနီရောင်မာ ရခိုင်လူမျိုးရို့၏ ရဲရင့်တည်ကြည်ရေ ဇာတိသွီး၊ ဇာတိမာန်ကို ဖော်ညွှန်းပါရေ။ အဖြူရောင်မာ ရခိုင်လူမျိုးရို့၏ ရိုးသားဖြောင့်မတ်ရေ စိတ်ဓာတ်နန့် အမျိုးသီလစောင့်ထိန်းခြင်းဂုဏ်ကို ဖော်ဆောင်ပါရေ။

အလံတော်၏အလယ်မာ ဝေသာလီခေတ်ဒန်းဂါးပြားကို မဏ္ဍိုင်ပြုပနာ ဗိန္ဓုပြောက်တိ ဝိုင်းရံထားရေပုံ ပါဟိပါရေ။ အပြာရောင်ရေ ငြိမ်းချမ်းခြင်း၊ သာယာခြင်းနန့် ရခိုင့်ပင်လယ်ပြင်ကို ကိုယ်စားပြုပါရေ။ ဗိန္ဓုပြောက်အလုံး (၂၀) ရေ ရှိခေတ်ရခိုင်ဘုရင်ရို့၏ မင်းကျင့်တရား (၁၀) ပါး၊ နာယကဂုဏ် (၆) ပါး၊ သင်္ဂဟတရား (၄) ပါးကို ဖော်ဆောင်ပါရေ။

🔴 ရဲရင့်တည်ကြည်ခြင်း
⚪ ရိုးသားဖြောင့်မတ်ခြင်း
🔵 ငြိမ်းချမ်းသာယာခြင်း
📝 လိကျင့်ခန်း (Exercises)

၁။ အောက်ပါစကားလုံးတိကို သတ်ပုံလိကျင့်ပါ။

ရွှင့်ထူ၊ မဏ္ဍိုင်ပြု၊ ဗိန္ဓုပြောက်၊ ဒန်းဂါး၊ တန်ဖိုး

၂။ အောက်ပါစကားလုံးတိကို ဝါကျဖွဲ့ပြပါ။

၃။ အောက်ပါမိန်းခွန်းတိကို ဖြေပါ။

(က) ရခိုင်ပြည်နယ်အလံ၏ အောက်ထက်ဝက်အရောင်မာ ဇာအရောင်ပါလေး။

(ခ) အဖြူရောင်ဟာ ဇာကိုဖော်ဆောင်ပါလေး။

(ဂ) ဒန်းဂါးပုံရေ ဇာခေတ်ကစွာပါလေး။

(ဃ) ဝေသာလီဒန်းဂါးပုံရေ ဇာကိုဖော်ဆောင်ပါလေး။