သင်ခန်းစာ-၅၅
အဆွေခင်ပွန်း
ဟိုးအယင်ကခါ ထန်းပင်တပင်ထက်မာ စာပဒေါင်းငှက်ချေတကောင် အသိုက်တင်လို့နီထိုင်လီရေလတ်။ ထန်းပင်နံပါးက ကန်းသင်းရင်းမာလေ့ ကန်းသင်းပုန်းငှက်ချေတကောင်အသိုက်တင်လို့ နီလီပါရေလတ်။ သူရို့ရေ အဆွေခင်ပွန်းပြုကတ်တေလတ်။
နီထိုင်မှုဘဝချင်း မတူကတ်တေအတွက် စာပဒေါင်းငှက်ချေက မြီပြင်မာအိပ်ရခါ ကြောင့်ကြစိတ်နန့် အိပ်လို့မဖြောင့်သလို၊ ကန်းသင်းပုန်းငှက်ချေကလေ့ လီထဲမာ တွဲလောင်းကျနီရေ စာပဒေါင်းသိုက်မာ အိပ်ရခါ ဂေါင်းမူးပြီးကေ မိုးလင်းခရပါရေ။ နောက်ဆုံးမာတော့ နီထိုင်မှုဘဝ မတူရေအတွက် အဆွေခင်ပွန်းအဖြစ်က လမ်းခွဲလီကတ်ပါရေလတ်။
စာပဒေါင်း (Weaver Bird)
နီရာ - ထန်းလက်ဖျား (တွဲလောင်း)
ခံစားချက် - လီသွတ်သွတ်နန့် ဇိမ်ခံအိပ်ရစွာကို ကြိုက်ရေ။
ကန်းသင်းပုန်း
နီရာ - ကန်းသင်းရင်း (မြီပြင်)
ခံစားချက် - မြီပြင်မာ အေးအေးဆေးဆေး အိပ်ရစွာကို ကြိုက်ရေ။
လိကျင့်ခန်း
၁။ အောက်ပါစကားလုံးတိကို ကျက်မှတ်ပါ။
- အဆွေခင်ပွန်း
- ထန်ပင်နံပါး
- လည်စောင်
- မိုးကြက်တက်လင်း
- တွက်ပနာ
၂။ မိန်းခွန်းတိကို ဖြေပါ။
(က) ဇာငှက်ချေနှစ်ကောင် အဆွေခင်ပွန်းဖြစ်ကတ်စွာလေး။
ဖြေ။ ။ စာပဒေါင်းငှက်ချေနန့် ကန်းသင်းပုန်းငှက်ချေရို့ ဖြစ်ပါရေ။
(ခ) သူရို့ဇာအတွက်နန့် လမ်းခွဲလိုက်ကတ်စွာလေး။
ဖြေ။ ။ နီထိုင်မှုဘဝချင်း မတူကတ်တေအတွက် လမ်းခွဲလိုက်ကတ်စွာ ဖြစ်ပါရေ။
(ဂ) စာပဒေါင်းငှက်ချေက ဇာမာအသိုက်တင်နီပါလေး။
ဖြေ။ ။ ထန်းပင်ထက်က ထန်းလက်ဖျားမာ အသိုက်တင်နီပါရေ။