ဘုရားလောင်းမဟောသဓာနန့် အမဲသားတုံး
ဘုရားလောင်း မဟောသဓာကား အငယ်ချေကပင် ပညာဉာဏ်ကြီးမားရေ။ အသက် (၇) နှစ်ကပင် တရားစီရင်ပီးနှိုင်ခရေ။ တရက်နိမာ မဟောသဓာသတိုးသားရေ အဖော်သူငယ်တထောင်နန့် ပြင်လယ်ခေါင်သို့ ကဇတ်စောင်လားရေ။
ဒေအချိန်မာ စွန်ရဲတကောင်လေ့ အမဲသားတုံး တတုံးကို ကိုက်လို့ပျံလာရေ။ အခြားသူငယ်တိက စွန်ရဲကိုမော်ကြည့်ပြီး လိုက်ကတ်တေခါ ခလုံးသတ်လဲကျလို့ ပွန်းပဲ့ကုန်ကတ်တေ။ မဟောသဓာကတော့ခါ အာကာထက်ကို မမော်ကြည့်ဘဲ စွန်အရိပ်ကိုနင်းပနာ လီပိုင်ယင်အောင်ဗြီးပြီး လက်ခုပ်တီးလို့ အသံကျယ်ကြီး "ဟော" လိုက်တေ။
စွန်ရဲလေ့ ကြောက်လန့်ပြီး အသားတုံးကို ရွှတ်ချလိုက်တေ။ မဟောသဓာက မြီပြင်သို့ မကျရအောင် လက်နန့် ဖမ်းထားလိုက်တေ။ ယင်းချင့်ကို မြင်ရေလူတိက "တော်လိုက်တေပင်" လို့ဆိုပျာ အံ့ဩချီးမွှမ်းကတ်ပါရေ။
၁။ အောက်ပါစကားလုံးတိကို ကျက်မှတ်ပါ။
၂။ အောက်ပါမိန်းခွန်းတိကို ဖြေပါ။