စစ်တွေမြို့ (The Capital of Rakhine State)
ရခိုင်ပြည်နယ်မြို့တော်မာ စစ်တွေမြို့ ဖြစ်ပါရေ။ စစ်တွေမြို့စွာ ကစ္ဆပနဒီမြစ်ဝမာ တည်ဟိရေ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီးကေ ၁၈၂၆ ခုနှစ်မာ အင်္ဂလိပ်တိက တည်ခစွာဖြစ်ပါရေ။
စစ်တွေမြို့မာ ပြည်လုံးချမ်းသာဘုရားကြီး၊ လောကာနန္ဒာစာတီရို့ဟိသိုင်သလို ဗုဒ္ဓပြတိုက်နန့် ယဉ်ကျေးမှုပြတိုက်ရို့လေ့ ဟိပါရေ။ မြို့တောင်ဘက်စွန်း အငူထက်မာ "ပွိုင့် (The Point)" လို့ခေါ်ရေ နာမည်ကျော် အပန်းဖြေစခန်းဟိပြီးကေ ပင်လယ်ထဲက ကျွန်းမာ ၁၈၈၄ ခုနှစ်က တည်ဆောက်ခရေ လေးချမ်းတောင်မီးပြတိုက်လေ့ ဟိပါရေ။
၁။ အောက်ပါစကားလုံးတိနန့် ဝါကျဖွဲ့ပြပါ။ (Make sentences)
ရထားလမ်း၊ လမ်းပန်းဆက်သွယ်ရေး၊ မီးပြတိုက်၊ သာယာစည်ကား
၂။ အောက်ပါမိန်းခွန်းတိကိုဖြေပါ။ (Answer the questions)
(က) စစ်တွေမြို့ကို အသူရို့က တည်ခပါလေး။
(ခ) စစ်တွေမြို့က အပန်းဖြေစခန်းတခုကို ဖော်ပြပါ။
(ဂ) စစ်တွေမြို့ရေ ဇာနီရာမာတည်ဟိပါလေး။
(ဃ) စစ်တွေမြို့မာ အထက်တန်းကျောင်း ဇာနှစ်ကျောင်းဟိပါလေး။