သင်ခန်းစာ - ၂၂

အောက် (ေ-ာက် သတ်သံတိ)

ကောက် ကျောက် ကြောက် ညှောက် ခေါက် ချောက် ခြောက် နှောက်
ပေါက် ပျောက် ပြောက် ရှောက် ဖောက် ဖျောက် ဖြောက် မှောက်
မောက် မျောက် မြောက် မြှောက် ကျောက်သင်ပုန်း မျောက် မြောက်ဥ

⭐ လိကျင့်ဖို့

ငါးခြောက်
ရှောက်သီး
ယောက်ကျား
ကောက်နှံ
အိမ်ဂြောက်
ယောက်ဖ
ဝါးရောင်းခြောက်
အညှောက်
လမ်းလျှောက်
ဦးနှောက်
ပေါက်ပေါက်ဖောက်
ငသလောက်
အိမ်ဂြောက်က ရက်ကန်း အိမ်ဂြောက်မာ ရက်ကန်းရက်တေ။ အယွေကြီးရွန်းသီး ယောက်ပီးရေ။
အိမ်နောက်မာ ထင်းပေါက်ဟိရေ။ မီးဖော်ခါ ဝါးရောင်းခြောက်သုံးရရေ။
စိုက်ပျိုးရေး မျိုးစိက အညှောက်ထွက်လာရေ။ ပင်ပေါက်ကို မခြောက်စီကေ့။
တရက် တခေါက် ရီလောင်းပါ။ တယောက်တလှည့်စီ လောင်းပါ။
ယောက်ဖချေ အဝေအဝေ ယောက်ဖချေ။ သပြာကောက်စောင် လားပါမေ။
နောက်မကျခင်ထွက်ရမေ။ မိုးသီးပေါက်ကျကေ ကိုယ်နာရေ။