📖 ရွတ်ဆိုကြည့်ကတ်ပါ
လယ်သမားနန့် စပါး
လယ်သမားတိ စပါးလည်ရေ။ စပါးဝယ်သူ လာပါယာ။
ဇာနယ်က လာပါလေး။ ဈီးတည့်ကေ ဝယ်ပါမေ။
လယ်ထဲက အဖိုးတန်
လယ်ထဲက စပါး။ လယ်တဲမာ ထားပါ။
ရတနာပုလဲ။ ရီထဲကရရေ။
ဈီးထဲလည်စို့
ဈီးထဲ လည်ပါမေ။ ဘဲဥဝယ်ပါမေ။
ပဲသီး ခဝဲသီး ဝယ်ပါမေ။ အမဲသားလေ့ ဝယ်ပါမေ။