သင်ခန်းစာ - ၆

အော၊ အော့၊ အော် (ဩ၊ ဪ)

အော အော့ အော်
ဩ      ဪ
ကော ကော့ ကော်
ပေါ ပေါ့ ပေါ်
ခေါ ခေါ့ ခေါ်
ဖော ဖော့ ဖော်
ဆော ဆော့ ဆော်
ဘော ဘော့ ဘော်
တော တော့ တော်
မော မော့ မော်
ဒေါ ဒေါ့ ဒေါ်
ရော ရော့ ရော်
⭐ လိကျင့်ဖို့
ဆရာတော်
ဘောဂါးသီး
မော်တော်ကား
သော့
ဩဇာသီး
ခါးကော့
ကော်ဇော
အဖော်ခေါ်
စောစော
ဆော့ဆော့
လယ်တော
လူတော်
ပေါ့ပေါ့
တသောသော
အရောရော
📖 ရွတ်ဆိုကြည့်ကတ်ပါ
ဆရာတော်ဘုရား တရားဟော ပါမေ။
အဟောတော်က လည်ခေါ်ပါ။ ညည့်ဦးခါ ဟောပါမေ။
နာမည်ခေါ်သူထပါ။ စာတော်သူခေါ်မေ။
ဆုတိပီးပါမေ။ ဆုရသူလာယူပါ။
အငူမော်သာယာရေ။ အလည်ခေါ်ပါရေ။
အဖော်ရပါရေ။ ဩဇာသီးဝယ်လာမေ။
🌙 လ ဇနီ
လ ဇနီ၊ ညချိန်ကျ၊ ပ လတ်တေ။ အပုချေ၊ ပျောပျာကြည့်၊ မြင်လတ်တေ။ ဖြန့်ယင့်လက်ဝါး၊ တောင်းပါဂါး။ သကြားသကာ၊ ပိုင်စရာကေ။ ချိုစွာနပျိုး၊ အမျိုးမျိုးလေ။ ထိုးလေအာဂျောက်၊ အာလောက်လောက် ဂျောက် ဂျောက် ဂျောက် ဂျောက်။
🤱 လယ်သူကြီးသမီး ပခက်ရွှဲ
ဖခင်ရင်သွီး၊ အမိမွီးကေ သမီးလှယေ ပခက်ချေမာ၊ အိပ်ပါလင့်လေ။ သမီး သမီး၊ ချစ်သမီး၊ သမီးဖခင်၊ ကိုင်းလယ်ပြင်မာ လင့်စင်ကိုစီး၊ စပါးတီးလို့ သမီးရတနာ၊ လှဖို့ရာကို၊ ဝယ်ပျာပီးရေ။ သမီးလှယေ၊ ဇူး ဝေ ဝေ ၊ ဇူး ဇူး ။