သင်ခန်းစာ - ၁၆

အောင် အောင့် အောင်း (လုံးကြီးတင်တစ်ချောင်းငင် ငသတ်သံတိ)

ကောင် ကောင့် ကောင်း ကြောင် ကြောင့် ကြောင်း
ဆောင် ဆောင့် ဆောင်း နှောင် နှောင့် နှောင်း
တောင် တောင့် တောင်း မြှောင် မြှောင့် မြှောင်း
ဟောင် ဟောင့် ဟောင်း လှောင် လှောင့် လှောင်း

⭐ လိကျင့်ဖို့

ကြောင်
ခေါင်းလောင်း
စောင်း
စာသင်ကျောင်း
ပြောင်းဖူးပင်
ဂေါင်းဆောင်
ဆောင်းရာသီ
တောင်တန်း
တောင်း
မြောင်ရီ
အဟောင်းသီး
သောင်ပြင်
ချောင်းနားက ဝါးဖောင် ရွာနားမာ ချောင်းဟိရေ။ ဝါးဖောင်ကို ချောင်းထဲသွင်းလာရေ။
လောင်းချေ တစင်း တွဲပါရေ။ ကြသောင်းဝါးလေ့ မျှောင်ပါရေ။
တပေါင်းလ ဘောလုံးပွဲ တပေါင်းလမာ ဘောလုံးပွဲချရေ။ အသင်းဟောင်းတိပါလာရေ။
ကျောင်းသားအသင်းမပါလား။ ဆရာကြီးက ဂေါင်းဆောင်ပါ။
စာသင်ကျောင်းက စာကြောင်း ကျောင်းသားတိ စာရွီးနီသည်။ စာကြောင်းကို ပြောင့်အောင်ရွီးပါ။
စာလုံးပေါင်းမှန်ယောင် ရွီးပါ။ အစကောင်းကေ အနှောင်းကောင်း၏။
🎵 အောင်ရာအောင်စီ မယှုံးစီကေ့

အသူယေထိုးဒိုးတလင်း၊ မောင်ယေထိုးဒိုးတလင်း
အောင်ရာအောင်စီ မယှုံးစီကေ့။
တရာတန်လေမြပန်းကုံးကို ချွတ်ပျာပီးမေ။
ဂုမပါ ညခါလာလတ်။
နီပြောင်ပြောင် ကန်ဘောင်ရင်းမှာ ကတိသတ်မေ။
🎯 ဆောင်ပုဒ်

နီသို့ထင်ရှား၊ ဘုရား တရား သံဃာ
ရတနာထွတ်ထား၊ မြတ်သုံးပါးကို
ဦးဖျားထိပ်ထက် အမြဲရွက်