အမင်နန့်အဘာ
အမင် အဘာ ပြန်လာယာ။ ဈီးခရင်းထဲမှာ ဇာပါလေး။
ခြည်ခင် နီဝါ ဝယ်လာလား။ အကြီးသျှင်က လှမ်းပြောရေ။
ဘုရားပွဲက အက
အပျိုမချေ တသင်း ဘုရားပွဲမာ ဟန်ကမေ။
ဆင်ဖို့ပျင်ဖို့လိုရေ။ ဟန်ခြင်းဆိုကေ ပျော်ရရေ။
ရခိုင်ကျင်ပွဲ
ဘုရားပွဲမာ ကျင်ပွဲပါရေ။ ကျင်သန်တိ ကျင်ကွင်းပြနီရေ။
စင်အဆင့်ဆင့်ပျင်ထားရေ။ ကြည့်ချင်ကေ ဖေသာပီးပါ။