သင်ခန်းစာ - ၃

အု၊ အူ၊ အူး (တစ်ချောင်းငင်၊ နှစ်ချောင်းငင်)

အု အူ အူး
ကု ကူ ကူး
နု နူ နူး
ခု ခူ ခူး
ပု ပူ ပူး
စု စူ စူး
ဖု ဖူ ဖူး
ဆု ဆူ ဆူး
ယု ယူ ယူး
တု တူ တူး
ရု ရူ ရူး
ထု ထူ ထူး
လု လူ လူး
ဥ    ဦ    ဦး
⭐ လိကျင့်ဖို့
ခူ
ပတူး
ဘူးသီး
မာတူ
ရီခူ
ဆီးကု
သာဂူစိ
အခု
အငူ
စူလာနဖာ
အစူးစူး
ညီးညူ
အတုယူ
အထူးထူး
အဥတူး
ပူဆာ
အဖူး
အရူး
📖 ဖတ်ကြည့်ကတ်ပါ
ဆရာလာခါ စာကူးပါ။ သားပါ သမီးပါ ကူးယူပါ။ ဆူဆူပူပူ မကူးရ။ ကူးယူသူ စာပါရ။ စာရသူလာပါ။ ပထမဆုယူပါ။ အတုယူပါ။ ဆုယူလာခါ အားပီးပါ။ ဥတု ရာသီ သာပါစီ။ ထီးယူ လားပါလီ။ နီပူ နီပါလား။ နီပူခါ မလားပါ။
🍂 မိုးသီးပေါက်ကျကေ ကိုယ်နာရေ
မိုးသီးပေါက်ကျကေ၊ ကိုယ်နာရေ။ မက္ကလာ ယူခ၊ အိုယောက်ဖ။ ယောက်ဖ မက္ကလာ၊ မဆောင်းသာ။ တောမှာပေါက်ဖက်၊ ဟိပါယက်။
💤 ရင်ခွင်သိပ်ကေ အိပ်ပါမေ
အသူသိပ်ကေ အိပ်ပါမေ၊ အီးယေသိပ်ကေ၊ အိပ်ပါမေ။ အီးယေရင်ခွင်၊ နို့သက်ငင်၊ နို့သျှင်သားပု၊ မိမျက်ရှု။ ပုလုပုလွေ၊ အိပ်လတ်တေ၊ ဘားဘာရောက်ကေ မုန့်ပါမေ။ အပုချေ ရင်ခွင်အိပ်ကေ၊ မေသိပ်မေလေ၊ မေသိပ်မေ။