သင်ခန်းစာ - ၂၇

အိတ် အိပ် (-ိတ် -ိပ် သတ်သံတိ)

-ိတ် (တသတ်) -ိပ် (ပသတ်)
ကိတ် ကျိတ် ခြိတ် ကိပ် ကျိပ် ခြိပ်
စိတ် တိတ် ပိတ် စိပ် တိပ် မြိတ်

⭐ လိကျင့်ဖို့

စာအိတ်
ကြိတ်ဆုံ
ဆိတ်မ
လိပ်ပြာ
လူတကျိပ်
အဖိတ်နိ
ပရွက်စိ
ခြိပ်မြို့
ဝါးစိတ်
လောင်းဆိပ်
သလိပ်
အရိပ်
ပုချေအိပ်ချိန် နို့စို့သားချေ အိပ်ချင်ရေ။ ပုချေကို အီးယေသိပ်မေ။
တိန်းလို့ ဆိတ်လို့ နီပါ။ မျက်စိ နှိတ်လားယာ။
ဆွမ်းလောင်းပွဲ ဆွမ်းကြီးလောင်းပွဲကျင်းပရေ။ ကျိတ်ကျိတ်တိုး စည်ကားရေ။
သပိတ်ထဲမာ ဆွမ်းလောင်းပါ။ မမှိတ်ပါစီကေ့။

🐂 ကျွဲကျောင်းသံ

မက္ကလာယေရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို နောင်းနောင်းကိုင်၊
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမာ ကျွဲကျောင်းလားရေ။
ဟူး...ရေ ...ရေ ... ဟူး။
နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖေါက်သို့ ကြားရရေ။
ဂြောင်တောင်ဂြောင်၊ နက်ပြောင်ခေါင်းလောင်း။

👶 ပုချေငိုရေ ပခက်က

အပုချေငိုရေ၊ ပခက်က
ကြောင်ချေမြည်ရေ၊ ပုတ်ဒေါင့်က
ကြက်ဖကြီးတွန်ရေ၊ အိမ်နောက်က
အဘာလာရေ၊ ချောင်းဝက
အမင်ကြည့်ရေ၊ တန်းပျင်းက