သင်ခန်းစာ - ၃၄

အသက်ရှည်စွာ (လောကသာရဆုံးမစာ)

📜 အသက်ရှည်စွာ
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊
ကောင်းလှစီချင်၊ ပဲ့ပြင် နိစ္စ၊
ကွပ်ဆုံးမသား၊ မိဖဆရာ၊
စကားနာရွေ့၊ ကျမ်းစာသိမြင်၊
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊
ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊
ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌
တည်စီမင်း။

📖 သင်ခန်းစာ အနှစ်ချုပ်

ဒီဆုံးမစာကတော့ အသက်ရှည်ဖို့နန့် ရောဂါကင်းဝေးဖို့အတွက် မိဘနန့် ဆရာသမားရို့ရဲ့ အဆုံးအမကို နာယူဖို့၊ ပညာဗဟုသုတရအောင် ကြိုးစားသင်ယူဖို့နန့် ကောင်းတဲ့အလုပ်တိကိုပဲ အတုယူလုပ်ဆောင်ဖို့ လမ်းညွှန်ထားစွာဖြစ်ပါရေ။

ဝေါဟာရမှတ်စု:
* နိစ္စ - အမြဲတမ်း
* ကွပ် - ထိန်းသိမ်းပဲ့ပြင်သည်
* နားရွေ့ - နားထောင်ခြင်း
* ကြိုး - ကြိုးစားအားထုတ်သည်