သင်ခန်းစာ - ၇

အန်၊ အမ်၊ အံ (အသတ်နန့် ဝတ်စနစ်သံတိ)

အန် အန့် အန်း အမ် အမ့် အမ် အံ အံ့
နန် နန့် နန်း ကမ် ကမ့် ကမ်း ငံ ငံ့
ပန် ပန့် ပန်း ခမ် ခမ့် ခမ်း ညံ ညံ့
ကန် ကန့် ကန်း လမ် လမ့် လမ်း ခန် ခန့် ခန်း

⭐ လိကျင့်ဖို့

ရီကန်
ခဲတံ
အလံ
စကားပန်း
လမ်း
မကန်
ရီငန်
ဆန်စပါး
ရီဆန်
ဆံတော်
လဆန်း
ဈီးတန်း
မတန့်တမ်း
ထန်းသီး
ပန်းပန်
ဖန်အိုး
ဖမ်းယူ
ရန်သူ
ထလန်းကား
တန်ရေ
ပန်းပန်ရေ မယေ ပန်းပန်လာရေ။ လန်းလန်းဆန်းဆန်း စံကားပန်း။
ပန်းနံ့ရရေ ဝမ်းသာရေ။ နံသာနန့် တူပါရေ။
သာသနာ့အလံ အဝီးက ဇာအသံလေး။ စီတန်းလာပါရေ။
စည်တီးသံ နာသာရေ။ သာသနာ့အလံ ထူလာရေ။
ရီကန်က ရီထမ်းသား ရီထမ်းသား ကန်ရီထမ်းလာရေ။ ဒေါထဲမာ ထည့်ပါ။
အတန်တန်ရာ ထည့်ပါစီ။ မကန်ရေခါ တန့်ပါဖိ။