သင်ခန်းစာ - ၄၀

ပညာမဟိရေသဌီးသား (ပုံပြင်နန့် မော်ကွန်း)

📖 ပညာမဟိရေသဌီးသား

အယင်ခေါက်ကယင် ဗာရာဏသီပြည်မှာ ကဋီသျှစ်ဆယ်ရတတ်တေ သဌီးကြီးတယောက်ဟိရေ။ ယင်းသဌီးမာ သားချေတယောက်တည်းရာဟိရေ။ ယင်းသားကိုချစ်အားကြီးလို့ ကျောင်းမတင်၊ စာလေ့မသင်။ အိမ်မာရာ ကဇတ်လို့နီစီရေ။

ယင်းသဌီးသားရေ အရပ်လေးမျက်နှာကိုတောင် ခွဲခြားလို့မသိ။ လူကောင်းလူဆိုးကိုလေ့ ခွဲလို့မသိ။ ကောင်းရေအလုပ်၊ မကောင်းရေအလုပ်ကိုလေး ခွဲလို့မသိ။ မိဖရို့ သီကျရေခါ ဟိရေဥစ္စာတိကို ထိန်းသိမ်းဖို့လေ့မတတ်။ ဆိုးသွမ်းရေလူတိနန့် ပေါင်းပြီးကေ သောက်စားဖြုန်းတီးပစ်တေ။ အခိုးခံရ၊ အလိမ်ခံရနန့် ဥစ္စာပစ္စည်းတိအားလုံး ဆုံးပါးလားခရေ။

နောက်ဆုံး စားစာစရာမဟိရေခါ တအိမ်ဝင်တအိမ်ထွက် တောင်းစားရရေ။ ယေကေလေ့ လူတိက သူ့ကိုမသထာကတ်၊ "နင်ကားလူမိုက်ရာမနား" ဆိုပြီးကေ သတ်ပုတ်လိုက်ရွှတ်ကတ်တေ။ ယေဇူးနန့် ရွာက ထွက်လားခရပြီးကေ တောထဲမာ အငတ်ငတ်အမွတ်မွတ်နန့် သီကျလားရရေ။

📜 ရက္ခိုင်

အမျိုးသီလ
နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်
စောင့်စွမ်းနိုင်၍
ရက္ခိုင်နာမ
ဘွဲ့မည်လှဖြင့်
အနွတ္တသညာ
ခေါ်အပ်ရာတည်း။

- သျှင်နာဂိန္ဒ မော်ကွန်း

📝 လိကျင့်ခန်း (Exercises)

၁။ အောက်ပါစကားလုံးတိကို ကျက်မှတ်ပါ။

သဌီးသား၊ ကဋီ၊ ဥစ္စာပစ္စည်း၊ အမွီ၊ ဒန်းဂါးဖေသာ၊ အငတ်ငတ်အမွတ်မွတ်

၂။ အောက်ပါမိန်းခွန်းတိကိုဖြေပါ။

(က) သဌီးကြီးရေ အစွာလောက်ရတတ်လေး။

(ခ) သဌီးကြီးရေ သားကို ပညာသင်ပီးယင့်လား။

(ဂ) သဌီးသားဟာ လူကောင်းလူဆိုးခွဲလို့ သိတတ်လား။

(ဃ) သဌီးသားစွာ ကောင်းရေအလုပ်၊ မကောင်းရေအလုပ်ကို ခွဲလို့သိတတ်လား။

(င) သူတောင်းစားဖြစ်လားရေ သဌီးသား ဇာပိုင် သီကျလားရလေး။