သင်ခန်းစာ - ၄၄

ဆံတော်ရှင်ဘုရားဖူးလားခြင်း

ရခိုင်ကမ်းရိုးတန်းအလွန်မာ ဖရုံကာကျွန်းသုံးကျွန်း ဟိပါရေ။ ယင်းကျွန်းတိထဲက မြီငူကျွန်းအစွန် ကျောက်တောင်ထက်မာ ဆံတော်ရှင်ဘုရား တည်ဟိပါရေ။ ဘုရားပွဲကို နှစ်စဉ် နတ်တော်လပြည့်မာ ကျင်းပပြီးကေ ရခိုင်ပြည်နယ်မာ အစည်ဆုံးပွဲဖြစ်ပါရေ။

အကျွန်ရို့မိသားစုရေ စိုးမဲကျီဆိပ်ကမ်း ကတဆင့် တောင်ကြောင်းလမ်းအတိုင်း လားရပါရေ။ တောတောင်တိက စိမ်းစိုပြီး နွယ်ပင်တိ တွဲကျနီပါရေ။ ဘုရားသို့ရောက်တေခါ တဖက်က ပင်လယ်ပြာ၊ တဖက်မာ တောင်တန်းတိနန့် ဆံတော်ရှင်ဘုရား ပတ်ဝန်းကျင်ကား ရှုမညီးယောင် သာယာလှပါရေ။

📜 လူတွင်ရခိုင်

ကျွန်းတွင်ဇမ္ဗူ၊ လူတွင်ရခိုင်
ကြိုင်ဘိသတင်း၊ ကင်းသည့်အပြစ်
ချစ်သည့် အမျိုး၊ ကြိုးသည်လုံ့လ
မြတ်စာဂနှင့်၊ နှစ်ဝနတ်လူ
ချစ်ကြည်ဖြူသည်
နိဗ္ဗူဆုတောင်းပြည့်အံ့တည်း။

- ဗုဒ္ဓဝင်လင်္ကာ

📝 လိကျင့်ခန်း (Exercises)

၁။ အောက်ပါစကားလုံးတိကို ကျက်မှတ်ပါ။

ကမ်းရိုးတန်း စိုးမဲကျီ ကုတို့လောင်း တောင်ကြောင်း အတွက်ဖော်

၂။ အောက်ပါမိန်းခွန်းတိကို ဖြေပါ။

(က) ဖရုံကာကျွန်း ဇာနှစ်ကျွန်းဟိလေး။

(ခ) ဆံတော်ရှင်ဘုရားကို ဇာမာတည်ထားလေး။

(ဂ) ရခိုင်ပြည်နယ်မာအစည်ဆုံးဘုရားပွဲကို ဖော်ပြပါ။

(ဃ) တောင်ကြောင်းလမ်းမာ ဇာတိ တွိရလေး။

(င) ဆံတော်ရှင်ဘုရားဝန်းကျင်၏ သာယာပုံကိုရွီးပါ။