ငပလီကမ်းခြီ (Ngapali Beach)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မာ ဟိရေ ငပလီကမ်းခြီစွာ မြန်မာနိုင်ငံမာသာမက ကမ္ဘာမာပင် ထင်ရှားပါရေ။ ဖြူရွရွသဲသောင်ပြင်နန့် သာယာလှပရေ ရှုခင်းတိဟိပါရေ။
ပင်လယ်ရီပြင်မာ ပြာလဲ့ကြိုင်လင်နီ၏။ အန္တရာယ်ပြုတတ်ရေ ငါးကြီးတိနန့် ငမန်း၊ လိပ်ကျောက်ရို့မဟိခြင်း၊ လှိုင်းလုံးများကြီးမားမှု မဟိခြင်းရို့ကြောင့် အပန်းဖြီလာရောက်သူတိုင်း စိတ်ချမ်းသာကတ်၏။
ငပလီကမ်းခြီသို့ တောင်ကုတ်-သံတွဲကားလမ်း၊ ဂွ-သံတွဲလမ်း သို့မဟုတ် လီကြောင်းလမ်းကဖြစ်ဖြစ် လာရောက်နှိုင်ပါရေ။
၁။ အောက်ပါစကားလုံးတိကို ဝါကျဖွဲ့ပြပါ။ (Make sentences)
ငပလီ၊ သဲသောင်ပြင်၊ ကမ်းခြီ၊ အန္တရယ်၊ လှိုင်းလုံး
၂။ အောက်ပါကွက်လပ်တိကို ဖြည့်ပါ။ (Fill in the blanks)
(က) ငပလီကမ်းခြီသည် ရခိုင်ပြည်နယ်၊ __________ မြို့နယ်တွင် ဟိပါရေ။
(ခ) ငပလီကမ်းခြီသို့ __________ လာရောက်သူတိုင်း စိတ်ချမ်းသာကတ်၏။
(ဂ) ငပလီကမ်းခြီတွင် ဖြူရွရွသဲသောင်ပြင်နန့် သာယာရေ __________ တိဟိပါရေ။