သူငယ်ချင်းပါးသို့ပီးစာ (Letter Writing)
သူငယ်ချင်းပါးသို့ သတိတရစာရွီးလိုက်ပါရေ။ သူငယ်ချင်းရို့ တစ်အိမ်သားလုံး ကျန်းမာကတ်ပါစီလို့ ဆုတောင်းပါရေ။
ပြီးလားခရေ အတန်းတင်စာမီးပွဲကို အကျွန်ကောင်းကောင်း ဖြေနှိုင်ပါရေ။ အောင်ဖို့လို့လေ့ ယုံကြည်ပါရေ။
သူငယ်ချင်းရို့ရွာမာ ဒေနှစ်ခါ ရနံဆီထွက်တေဆိုစွာကြားရလို့ လာကြည့်ချင်ပါရေ။ သင်္ကြန်အပြီးနှစ်ဆန်းတရက်နိမာ ကံ့ကော်တောဘုရားပွဲကိုလေ့ လာချင်ပါယင့်။ အကျွန့်အမိအဖပါးမာ ပြောကြည့်ရဖို့။ ခွင့်ပြုကေ ကြိုတင် စာရွီးလိုက်ပါမေ။
၁။ သင့်သူငယ်ချင်းပါးသို့ ပီးစာတစ်စောင်ရွီးပါ။ (Write a letter to your friend)
* လိပ်စာ၊ ရက်စွဲ၊ အမှာစာ နန့် အဆုံးသတ်ပုံစံတိကို အထက်ပါအတိုင်း မှန်ကန်အောင် လေ့ကျင့်ပါ။