ပေါက်ပင် ပေါက်ပင်၊ ရွှီပေါက်ပင်
ပေါက်ပင် ကိုင်းလိုင်း၊ ခါးစိုင်းစိုင်းမာ
ရွှီဗျိုင်းဇာဖြစ် နားပါရေ။
ငါးပေါ်လို့ နားပါရေ။
ငါးကဇာဖြစ် ပေါ်ပါရေ
ကျွဲမြှုံလို့ ပေါ်ပါရေ။
ကျွဲကဇာဖြစ် မြှုံပါရေ
ဖြုတ်စိတ်ချေကိုက်လို့ မြှုံပါရေ။
ဖြုတ်စိတ်ချေဇာဖြစ် ကိုက်ပါရေ
မိုးရွာလို့ ကိုက်ပါရေ။
မိုးကဇာဖြစ် ရွာပါရေ
ဖားမြည်လို့ ရွာပါရေ။
ဖားကဇာဖြစ် မြည်ပါရေ
မြွီကိုက်လို့ မြည်ပါရေ။
မြွီကဇာဖြစ် ကိုက်ပါရေ
ငါ့ဝမ်းပူဆာ မနီသာ
အစာမွတ်လို့ ကိုက်ပါရေလေ၊ ကိုက်ပါရေ။