သင်ခန်းစာ - ၄၆

ဗုဒ္ဓကိုယ်ပွား မဟာမုနိဘုရား

မဟာမုနိဘုရား ရေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မာ တည်ဟိပါရေ။ ရခိုင်ပြည်နယ်မာ အထင်ရှားဆုံးဘုရားတဆူဖြစ်ပါရေ။

ရခိုင်ပြည် တတိယဓညဝတီခေတ်ကို စန္ဒသူရိယမင်းကြီး ထူထောင်ခပါရေ။ မင်းကြီးက ဗုဒ္ဓမြတ်စွာဘုရားသျှင်ကို ဓညဝတီမြို့တော်သို့ ြွကရောက်ဖို့အကြောင်း မနောဓိဋ္ဌာန်နန့် ပင့်ဖိတ်ပါရေ။ ဗုဒ္ဓမြတ်စွာရေ နောက်ပါတပည့်ရဟန်း ငါးရာခြံရံပနာ ပြသာဒ်ယာဉ်ပျံစီးလို့ အာကာခရီးက ြွကချီလာလီပါရေ။

ယင်းခါမာ စန္ဒသူရိယမင်းကြီးက တောင်းပန်ရေအတွက် ကိုယ်စားတော်မဟာမုနိကို သွန်းလုပ်ကိုးကွယ်ခွင့် ပီးပါရေ။ ယင်းအချိန်ကစလို့ ရခိုင်လူမျိုးတိရေ ဗုဒ္ဓဘာသာဝင်လူမျိုးအဖြစ် ရပ်တည်လာကတ်ပါရေ။ မဟာမုနိဘုရားကြီးကိုလေ့ ဗုဒ္ဓဘုရားသျှင်ကိုယ်စားတော်အဖြစ် အထွတ်တမြတ်ထားကိုးကွယ်ကတ်ပါရေ။

📝 လိကျင့်ခန်း (Exercises)

၁။ အောက်ပါဝေါဟာရတိကို ဝါကျဖွဲ့ပါ။ (Make sentences)

စန္ဒသူရိယ ဗုဒ္ဓဘာသာ အာကာခရီး ခြံရံ ကိုးကွယ်

၂။ အောက်ပါမိန်းခွန်းတိကို ဖြေပါ။ (Answer the questions)

(က) မဟာမုနိဘုရားရေ ဇာမြို့နယ်မာ တည်ဟိပါလေး။

(ခ) တတိယဓညဝတီကို အသူက စတည်ခပါလေး။

(ဂ) ရခိုင်လူမျိုးတိရေ ဇာဘာသာဝင်ဖြစ်ကတ်ပါလေး။

(ဃ) မဟာမုနိဘုရားကို ဇာကြောင့် အထွတ်တမြတ်ထားကိုးကွယ်ကတ်လေး။

(င) ဘုရားသျှင်ရေ မဟာမုနိဘုရားကို ဇာအတွက်ကြောင့် သွန်းလုပ်ခွင့် ပီးခလေး။