သင်ခန်းစာ-၅၄

ရခိုင်ရိုးရာ ကျင်ပညာ

ကျင်ဆိုစွာ ရခိုင်ရိုးရာအားကဇတ်နည်းတခုဖြစ်ပါရေ။ ရခိုင်မင်းရို့လက်ထက်ကပင် ကျင်ပွဲတိကို စဉ်လာမပျက်ကျင်းပလာစွာပါ။ ကျင်ပွဲကို ရခိုင်တမျိုးသားလုံးကြိုက်နှစ်သက်ကတ်ပါရေ။ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ပြိုင်လောင်းပွဲ၊ သင်္ကြန်ပွဲ၊ ရထားပွဲအစဟိရေ ပွဲတော်အမျိုးမျိုးနန့် ကျင်ပွဲကို တွဲပနာကျင်းပကတ်ပါရေ။ ကျင်ပွဲသပ်သပ်လေ့ တကူးတကကျင်းပကတ်တေ။
"ကျင်ကိုင်နပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္ဇူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလေ"
ကျင်ကိုင်ရေခါ အဖမ်းနန့် အခံ နှစ်မျိုးဟိပါရေ။ အဖမ်းသားက စလို့ခြီတင်ကျစ်ပနာ လုံးဖမ်းပစ်ချနိုင်ပါရေ။ အခံသားက အယင်ခြီမတင်ရ။ အဖမ်းသားက ခြီတင်ကျစ်တေခါ အခံသားကလေ့ပြန်လို့ ပစ်ချနိုင်ပါရေ။ ကျင်နိုင်ကေ ကျင်းတလင်းကို ပတ်လို့ ကျင်ကွင်းပြရရေ။ နောက်ဆုံးအနိုင်ရသူကို ရွှီမောင်း၊ ငွီမောင်း ဆုတိချရေ။ ကျင်ကိုင်ရေလူကို ကျင်သန်လို့ခေါ်ရေ။

လိကျင့်ခန်း ဖြေဆိုချက်တိ

၁။ ဝါကျဖွဲ့ပြပါ။

၂။ မိန်းခွန်းတိကို ဖြေပါ။

(က) ရခိုင်တမျိုးသားလုံးကြိုက်တေပွဲကား ဇာပွဲလေး။
ဖြေ။ ။ ကျင်ပွဲ ဖြစ်ပါရေ။

(ခ) ကျင်ကိုင်ရေခါ ဇာနှစ်မျိုးဟိလေး။
ဖြေ။ ။ အဖမ်းနန့် အခံ နှစ်မျိုးဟိပါရေ။

(ဂ) ကျင်ကိုင်ရေလူကို ဇာလို့ခေါ်ရောင်။
ဖြေ။ ။ ကျင်သန် လို့ ခေါ်ပါရေ။

(ဃ) ကျင်ကိုင်လို့နိုင်ရေလူကို ဇာဆုချလေး။
ဖြေ။ ။ ရွှီမောင်း၊ ငွီမောင်း ဆုတိ ချပါရေ။

ပေါက်နီနီ
ပေါက်နီနီ၊ နီနီရဲရဲ၊ တပို့တွဲမာ၊ တျာတျာရဲလေ၊ တျာတျာရဲ၊ ရဲရဲတျာတျာ၊ နီပျာတွတ်တွတ် တောင်ကျော်လမ်းမာ၊ ပေါက်နီပန်းကို လှမ်းပျာဆွတ်တေ။ ဇရက်ချေတရွီ၊ တြွကီြွကီ ကျီရီရီ ကျက်ရက်ရက် လိုင်ချင်းယှက်ပျာ၊ ကိုက်ကတ်တေလေ၊ ကိုက်ကတ်တေ။ ဇရက်ကေရာတရွီ၊ ကလေချေကေတစု ပေါက်ပင်ထက်မာ၊ တရုရုလေ၊ တရုရု။