မြောက်ဦးမြို့စွာ ရှိခေတ်ရခိုင်ပြည်၏ မြို့တော်ဖြစ်ပါရေ။ မြောက်ဦးမြို့ကို ဘုရင်မင်းစောမွန်က ရခိုင်သက္ကရာဇ် ၇၉၂ ခုနှစ်မာ တည်ထားခပါသည်။ မြောက်ဦးမြို့အလယ်တွင် ရခိုင်ဘုရင်အဆက်ဆက်နန်းစိုက်ခသော နန်းတော်ကုန်း ဟိပါသည်။ နန်းတော်ကုန်းကို တံတိုင်းသုံးဆင့်ဖြင့် ကာရံထားပြီး အလျား ၁၇၄၀ ပေ၊ အနံ ၁၆၀၆ ပေ ဟိပါရေ။
မြောက်ဦးမြို့ဟိ ထင်ရှားသောဘုရားပုထိုးတိမာ သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်၊ ထုက္ကန့်သိမ်ပုထိုးတော်၊ အံတော်သိမ်ပုထိုးတော်၊ မာန်ငါးပါးစာတီတော်၊ ဘုရားပေါ်ဘုရားရို့နန့် စန္ဒာမုနိဘုရားကြီးရို့ဖြစ်ပါရေ။ မြောက်ဦးမြို့ဟိ လေ့လာစရာတိမာ ရှိဟောင်းသုတေသနပြတိုက်၊ လက်ဆည်ကန်၊ အနော်မာကန်၊ ခြင်ကိုက်ပိဋကတ်တိုက်၊ စန္ဒာမုနိဘုန်းတော်ကြီးကျောင်းနန့် ဘုရားစာတီများစွာရို့ ဖြစ်ကတ်ပါရေ။
သင်ခန်းစာ-၅၃
ရခိုင်ညွန့်ဖူး မြောက်ဦးမြို့
မြောက်ဦးမြို့သည် ရခိုင်သူရခိုင်သားရို့၏အသည်းနှလုံးအဖြစ်တင်စားပနာ "ရခိုင်ညွှန့်ဖူးမြို့မြောက်ဦး" လို့ ခေါ်ဝေါ်ကတ်ပါရေ။
လိကျင့်ခန်း ဖြေဆိုချက်တိ
၁။ ဝါကျဖွဲ့ခြင်း
- မြောက်ဦးမြို့ - မြောက်ဦးမြို့သည် ရခိုင်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာနေရာဖြစ်သည်။
- နန်းတော်ကုန်း - မြောက်ဦးမြို့အလယ်တွင် ရှေးဟောင်းနန်းတော်ကုန်းရှိသည်။
- ခေါ်ဝေါ် - မြောက်ဦးကို ရခိုင်ညွှန့်ဖူးမြို့ဟု ခေါ်ဝေါ်ကြသည်။
- တင်စား - ရခိုင်ပြည်၏ အသည်းနှလုံးဟု တင်စားပြောဆိုကြသည်။
- လေ့လာ - ကမ္ဘာလှည့်ခရီးသည်များသည် မြောက်ဦးမြို့သို့ လာရောက်လေ့လာကြသည်။
၂။ မိန်းခွန်းနှင့် အဖြေတိ
(က) မြောက်ဦးမြို့တော်ကို ဇာသျှင်ဘုရင်က တည်ခပါလေး။
အဖြေ။ ။ ဘုရင်မင်းစောမွန် က တည်ထားခပါရေ။
(ခ) မြောက်ဦးမြို့မာ ထင်ရှားရေ ဘုရားနာမည်တိကို ပြောပါ။
အဖြေ။ ။ သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ်၊ မာန်ငါးပါး စေတီရို့ ဖြစ်ပါရေ။
(ဂ) မြောက်ဦးမြို့အလယ်မာ ဇာဟိပါလေး။
အဖြေ။ ။ ရခိုင်ဘုရင်အဆက်ဆက် နန်းစိုက်ခရေ နန်းတော်ကုန်း ဟိပါရေ။
(ဃ) နန်းရာကုန်း၏ အလျား၊ အနံကို ဖော်ပြပါ။
အဖြေ။ ။ အလျား ၁၇၄၀ ပေ၊ အနံ ၁၆၀၆ ပေ ဟိပါရေ။
(င) ရခိုင်သူ၊ ရခိုင်သားရို့က မြောက်ဦးမြို့ကို ဇာပိုင်တင်စားခေါ်ဝေါ် ကတ်ပါလေး။
အဖြေ။ ။ "ရခိုင်ညွှန့်ဖူးမြို့မြောက်ဦး" လို့ တင်စားခေါ်ဝေါ်ကတ်ပါရေ။