အကျွန်ရို့ရွာ (Our Village)
အကျွန်ရို့ရွာကို ဇင်ချောင်းရွာလို့ ခေါ်ကတ်ပါရေ။ ရွာလမ်းတိ သန့်ယှင်းပါရေ။ အိမ်ခြံဝင်းတိလေ့ ကျယ်ပါရေ။
ရွာအရှိဖက်မာ တောင်တန်းတိဟိပါရေ။ ရွာအနောက်ဖက်မာ ပင်လယ်ကမ်းနားဟိပါရေ။ ရွာမြောက်ဖက်မာ တောင်ကုန်းနန့် လယ်ပြင်တိ ဟိပါရေ။
တောင်ခြီရင်းနားမာ ဘုန်းကြီးကျောင်းနန့် ရွာဦးစာတီဟိပါရေ။ စာတီနံပါးမာ သောက်ရီကန်ကြီးတကန်ဟိပါရေ။ ရွာတောင်ဖက်မာတော့ခါ ချောင်းချေ တစ်ချောင်းစီးဆင်းနီပါရေ။
ရွာသားတိရေ လယ်အလုပ်၊ ပိုက်သည်အလုပ်ကို လုပ်စားကတ်ပါရေ။ အိမ်အတွက် လိုရေသစ်ဝါးတိကို တောင်သို့တက်ပနာ ခွတ်ယူကတ်ရပါရေ။ အကျွန်ရို့ရွာရေ တောင်ကုန်း၊ တောတန်းတိနန့် စိမ်းစိုနီပါရေ။ ပင်လယ်ကမ်းနားဖြစ်လို့ ကောင်းကောင်းပင် သာယာလှပါရေ။
၁။ အောက်ပါစကားလုံးတိကို ကျက်မှတ်ပါ။
၂။ အောက်ပါကွက်လပ်တိကိုဖြည့်ပါ။
(က) အကျွန်ရို့ရွာကို __________ လို့ ခေါ်ပါရေ။
(ခ) ရွာအရှိဖက်မာ __________ ဟိပါရေ။
(ဂ) ရွာအနောက်ဖက်မာ __________ ဟိပါရေ။
(ဃ) ရွာမြောက်ဖက်မာ __________ ဟိပါရေ။
(င) ရွာတောင်ဖက်မာ __________ ဟိပါရေ။
၃။ သင်၏ရွာအကြောင်းကိုရွီးပါ။ (Write about your own village)