သင်ခန်းစာ-၅၂

အာသျှနီဝန်း သျှင်ရဟန်း (ဆရာတော်ဦးဥတ္တမ)

မြန်မာနိုင်ငံကို သူ့ကျွန်ဘဝကလွတ်အောင်အစပျိုးဆောင်ရွက်ခသူကား ဆရာတော်ဦးဥတ္တမဖြစ်ပါရေ။ မြန်မာနိုင်ငံရာမက အာသျှတိုက်သားတိကိုပါ ကိုလိုနီကျွန်ဘဝကလွတ်အောင် လှုံ့ဆော်တရားဟောခရေအတွက်နန့် "အာသျှနီဝန်းသျှင်" လို့ ခေါ်တွင်ကတ်ပါရေ။ ဆရာတော်ဦးဥတ္တမကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်မာ မွီးဖွားခပါရေ။ မိဖနှစ်ပါးမာ ဦးစံမြ၊ ဒေါ်အောင်ကြွဖြူဖြစ်ပြီးကေ ညီတယောက်၊ နှမတယောက်ဟိပါရေ။ ဆရာတော်၏ငယ်နာမည်မာ ပေါ်ထွန်းအောင် ဖြစ်ပါရေ။

ဆရာတော် ငါးတန်းတက်နီရေခါ ညီချေကျော်ထွန်းအောင်ရေ လေးတန်းမာ ဒုတိယဆုရာရလို့ ယင်းဆုကို ကစ္ဆပနဒီမြစ်ထဲသို့ ဝဲပစ်ခကတ်တေ။ နောက်နှစ်မာ ပထမရအောင်ကြိုးစားဖို့ ပြောခပါရေ။ ဆရာတော်ရေ ကောင်းကောင်းဉာဏ်ကောင်းရေအတွက် ဘာသာစကားကိုးမျိုးကို တတ်ကျွမ်းပါရေ။ ရဟန်းဘဝနန့်ပင် နယ်ချဲ့အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေးအတွက် မကြောက်တရားဟောခလို့ ရက်ပြတ်ရက်ပြတ် ထောင်ကျခပါရေ။ ဆရာတော်ကား ထောင်ကိုလေ့မကြောက်၊ လက်ထိပ်ကိုလေ့မကြောက်ဘဲ နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးတိကို သူရိယသတင်းစာမာ ရွီးမြဲတိုင်း ရွီးသားခပါရေ။ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နိမာ ဆရာတော်ပျံလွန်တော်မူပါရေ။

လိကျင့်ခန်း

၁။ အောက်ပါစကားလုံးတိနန့် ဝါကျဖွဲ့ပြပါ။

၂။ အောက်ပါမိန်းခွန်းတိကိုဖြေပါ။

  1. ဆရာတော်ဦးဥတ္တမကို ဇာမြို့မာမွီးဖွားခပါလေး။ ဖြေ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မာ မွီးဖွားခပါရေ။
  2. ဆရာတော်ဦးဥတ္တမရေ ဘာသာစကားဇာနှစ်မျိုးကို တတ်ကျွမ်းခပါလေး။ ဖြေ။ ။ ဘာသာစကား (၉) မျိုးကို တတ်ကျွမ်းခပါရေ။
  3. ဆရာတော်ရေ မကြောက်တရားတိဟောခရေအတွက် ဇာဖြစ်ဖူးခပါလေး။ ဖြေ။ ။ ထောင်ဒဏ် ရက်ပြတ်ရက်ပြတ် ကျခံခရပါရေ။
  4. ဆရာတော်ဦးဥတ္တမရေ ဇာနိ၊ ဇာရက်မာ ပျံလွန်တော် မူခပါလေး။ ဖြေ။ ။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နိမာ ဖြစ်ပါရေ။
  5. အကျွန်ရို့ရေ ဆရာတော်ဦးဥတ္တမကို မိပစ်သင့်ပါလား။ ဖြေ။ ။ မမိပစ်သင့်ပါ၊ အမြဲသတိရ ပူဇော်သင့်ပါရေ။