သင်ခန်းစာ - ၃၆

ပန်းဝှက်တမ်း (Rakhine Riddles)

🌸 ပန်းဝှက်တမ်းဆိုစွာ ဇာလဲ?

အကျွန်ရို့ရွာမာ ပန်းဝှက်တမ်း ကဇတ်လိ ဟိပါရေ။ တယောက်မိန်းစွာကို တယောက်က ဖြေရပါရေ။ မဖြေနှိုင်ကေ ပန်းပီးရပါရေ။ ပန်းရပြီးရေခါ ကိုယ်ဝှက်ထားရေအဖြေကို ပြောလိုက်ပါရေ။ အေဓလိကား ချစ်ကောင်းထမန်း ကဇတ်ခြင်းတမျိုးပါ။

"ပန်းသျှင်တဖို့၊ ငါကိုးဖို့" လို့ ကုသိုလ်ခွဲဝေတတ်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကစားနည်းဖြစ်ပါရေ။

📝 ပန်းဝှက်တမ်း နမူနာ

မိန်းသူ: အတောင်စိမ်းပြာငှက်၊ အဂေါင်းမြီမာဝှက်။

ဖြေသူ: (မသိကေ) "ရွှီတူပန်းကိုယူ" လို့ ပန်းပီးရပါရေ။

အဖြေ: နပျိုးပင်

⭐ လိကျင့်ဖို့ ပန်းဝှက်ကဗျာတိ

၁။ ကလေ့မေချေ မျက်နှာပြောက်၊ အိမ်တိုင်း အိမ်တိုင်းရောက်။
(အဖြေ: ဒန်းဂါး)
၂။ ကန်ထဲမာရီ၊ ရီထဲမာြွမီ၊ ြွမီထက်ကရွှီ။
(အဖြေ: ဆီမီးခွက်)
၃။ ကမ်းနားပတ်လည်ရက်တက်တေ၊ အလယ်အနားသတ်။
(အဖြေ: အိမ်ခေါင်မိုးစွာ)
၄။ ငါ့သားငဖြူ ထွက်တော်မူ၊ ရွာသူကြီးငါးယောက် ဖမ်းဖို့ရောက်။
(အဖြေ: နှပ်ညှစ်စွာ)
၅။ ငှက်ချေတကောင်ပျံလို့လား၊ ခြီနန့်မနား၊ နှုတ်နန့်နား။
(အဖြေ: မှုတ်စူး)
၆။ ငယ်ခါ ဘာဇူဝတ်၊ ကြီးခါ ဘာဇူချွတ်။
(အဖြေ: ဝါးတုတ်)
၇။ စာတီဖုန်းဆိုး၊ ရှိမခိုး။
(အဖြေ: ကောက်ရိုးပုံ)
၈။ တောမာနီရန်သူ၊ အိမ်ကိုရောက် ခင်ပွန်းဖြူ။
(အဖြေ: သဘော့စာပင်)
၉။ တက်လေးချောင်းနန့် အပြင်းလှော်၊ မောက်တော်သျှင်မပေါင်းထဲက။
(အဖြေ: ပြင်သာလိပ်ကြီး)
၁၀။ ထပိန်ဆယ်ထပ် မဝတ်တတ်၊စော်ကအငယ် ပိစိချေ။
(အဖြေ: နပျိုးဖူး)
၁၁။ မွီးစအခါ အဂြိုပါ၊ အရွယ်လေ့ရောက် အဂြိုပျောက်၊ သီဖို့ခါ အဂြိုရောက်။
(အဖြေ: လဆန်း၊ လပြည့်၊ လကွယ်)
၁၂။ ရိုးလှသန္တာ အညှာနန့်၊ ကိုင်ဝံ့ရေလူ၊ ပညာနန့်။
(အဖြေ: ဘုန်းကြီးယပ်)
၁၃။ သဲသောင်ပြင်မာ ရင်ဖတ်စည်တီးနိတိုင်းဗြီး။
(အဖြေ: ဘလီး)
၁၄။ အရိုးမဟိအရီပင်လယ်ကူးခရေ။
(အဖြေ: မျှို့)