သင်ခန်းစာ - ၂၃

အိုက် (-ိုက် သတ်သံတိ)

ကိုက် ကျိုက် ကြိုက် နှိုက် ခိုက် ချိုက် ခြိုက် မှိုက်
ပိုက် ပျိုက် ပြိုက် ယှိုက် စိုက် ဖျိုက် ဖြိုက် လှိုက်
ထိုက် မျိုက် မြိုက် ငှက်သိုက် မီးကိုက် သိုက် ပိုက် တိုက်

⭐ လိကျင့်ဖို့

ခေါင်းငိုက်စိုက်
အိပ်ငိုက်
အပင်စိုက်
ကနန့်နှိုက်
နောက်လိုက်
ပိုက်သည်
ပျိုးစိုက်
ချွေးပြိုက်ပြိုက်
သိုက်စာ
လမိုက်
အဆိုက်ကျ
လက်ဆောင်ပီးလိုက်ယင့်
ခြံထဲက အလုပ် သီးပင်စားပင် စိုက်ပါ။ သရက်သီး မကြိုက်လား။
ပေါ်ခိုက်မာ စားပါ။ လက်ဆောင်ပီးလိုက်ယင့်။
အိမ်မှုကိစ္စ အင်းကျီကို မီးကိုက်တိုက်ပါ။ လက်သမားကိုက်တိုက်နီရေ။
ချွေးပြိုက်ပြိုက် ကျရေ။ နိခင်းဖက် အိပ်ငိုက်တေ။
သတိထားဖို့ နောက်ကခွီးရူး လိုက်လာရေ။ ကိုက်ဖို့စွာ သတိထား။
ခွီးရူးကိုက်ကေ သီနိုင်ရေ။ ကထိုက်ကရိုက် မလားကေ့။
🧶 မောင်တော်တမ်း အလွမ်းပြေ

အပွင့်ယေဖြူပြာ အညှာယေကောင်းခြင်း
ယာတောင်ထက်မာဝါဂွမ်းခြင်းလေ။
ဝါဂွမ်းပင်ငုံ ဖူးပွင့်စုံ ဆွတ်တုံမေရို့ ဗိုင်းငင်ဖို့။
ဗိုင်းဝင့်ဝါခြည် လက်ရက်ထည် မေ့ မောင်ရို့မှာ ဝတ်ရမေလေ။
ဝါခြည်ဒယောအသားညက် အကွက်အဆန်း မောင်တော်တမ်း
အလွမ်းလေ့ပြေ ခေါ်ကတ်တေ။
ရက်တေမေပျော လက်စချော နှမလက်ရာ မောင်ဝတ်လာ
အဘာကြီးသား လှရေဂါး။ ကြွရေပရေ သာထွန်းဝေ
အမေရို့မာ မျက်ငါးသွယ်လေ ... မျက်ငါးသွယ်။

🍄 မှိုဟင်းလေ့ခူး - စူးလေ့စူး

အမျေလေ၊ ရောက်မလေ။ မှိုဟင်းခူးစောင်၊ လားကတ်မေ။
မှိုဟင်းလေ့ခူး၊ စူးလေ့စူး။ အစူးလေ့တွင်၊ နီလေ့ဝင်။
အိမ်ကိုလေ့ရောက်၊ မိုးလေ့သောက်။ ကောက်ကရီကောက်။