သင်ခန်းစာ-၅၆
ယဉ်ကျေးလိမ်မာရတနာ
လိမ်မာယဉ်ကျေးရေ အချေတိကို မိဘဆရာရို့က ချစ်ခင်ကတ်ပါရေ။ ယဉ်ကျေးရေဆိုစွာမာ ကိုယ်အမူအရာ၊ စကားအမူအရာဆိုပြီးကေ နှစ်မျိုးဟိပါရေ။
ကိုယ်အမူအရာ ယဉ်ကျေးခြင်း - လူကြီးသူမ၊ မိဘဆရာသမားရို့ရှိမာ ကိုယ်ကိုကိုင်းညွှတ်ပျာ လားရပါရေ။ ရဟန်းသံဃာရို့ကို တခုခုပီးကမ်းကေ လက်နှစ်ဖက်နန့် ရိုရိုသီသီ ကပ်လှူရပါရေ။ ထမင်းစားရေခါမာလေ့ ကြီးသူကို အယင်ဦးချရပါရေ။
စကားအမူအရာ ယဉ်ကျေးခြင်း - စကားအဆုံးမာ "ပါ" ထည့်ပြောရပါရေ။ လူကြီးသူမခေါ်ရေခါ "ဝူး"၊ "ဝေး" လို့ မထူးရဘဲ "ဘုရား" လို့ ထူးရပါရေ။ ယင်းစွာက ရခိုင်လူမျိုးရို့၏ ချစ်ဖို့ကောင်းရေ ဓလိတခုဖြစ်ပါရေ။
လိကျင့်ဖို့
၁။ အောက်ပါစကားလုံးတိကို ဝါကျဖွဲ့ပါ။
- ယဉ်ကျေး: ယဉ်ကျေးရေ အချေကို လူတိုင်းက ချစ်ခင်ကတ်တေ။
- အမူအရာ: အမူအရာ တိုင်းမာ ယဉ်ကျေးသိမ်မွိဖို့ လိုအပ်ပါရေ။
- ဦးချ: ထမင်းမစားခင် လူကြီးသူမတိကို အယင်ဦးချရပါရေ။
- နားဝင်ချို: စကားပြောရေခါ တဖက်လူ နားဝင်ချိုအောင် ပြောဆိုရပါရေ။
- ရတနာ: ယဉ်ကျေးလိမ်မာရေ အချေတိစွာ လူ့အဖွဲ့အစည်းအတွက် ရတနာဖြစ်ပါရေ။
၂။ အောက်ပါကွက်လပ်တိုကို ဖြည့်ပါ။
(က) ယဉ်ကျေးလိမ်မာရေအချေတိကို မိဖဆရာရို့က ချစ်ခင် ကတ်ပါရေ။
(ခ) လူကြီးသူမရို့ကခေါ်ရေခါ ဘုရား လို့ ထူးရပါရေ။
(ဂ) စကားပြောရေခါ တဖက်လူ နားဝင်ချိုအောင် ပြောရပါရေ။
ကုပ်ကေဇာလေး (ရိုးရာတေးသံ)
သစ်ပုတ်ပင်ဖြူ၊ မအူပင်ဖျား
စွန်ပုတ်နား၊ နားရေစွန်ပုတ်
နှုတ်သွီးကုပ်၊
ကုပ်ကေဇာလေး
ကုပ်ကေတန်းစဉ်၊
စဉ်ကေဇာလေး
စဉ်ကေသပိတ်၊
ပိတ်ကေဇာလေး
ပိတ်ကေတန်းခါး
ခါးကေဇာလေး
ခါးကေတမာ၊
မာကေဇာလေး
မာကေကျောက်စရိတ်၊
ရိတ်ကေဇာလေး
ရိတ်ကေခြည်ဝင်၊
ဝင်ကေဇာလေး
ဝင်ကေနီ၊
နီကေ ဇာလေး
နီကေ ဘုရား။