အံ့ဖွယ်သာမော ကံ့ကော်တောဘုရား
ကံ့ကော်တောဘုရားသည် ကျောက်ဖြူမြို့၏ ကြက်သရေဆောင် တန်ခိုးကြီးဘုရားဖြစ်ပါသည်။ ဝေသာလီခေတ်က ရှိဟောင်းဆင်းထုတော်နှစ်ဆူဖြစ်ပြီး ကျောက်ဖြူမြို့က ငါးမိုင်ခန့်အကွာမာ တည်ဟိပါသည်။
မူလဘုရားဒကာရို့မာ ငပုဇနီးမောင်နှံနန့် ငပု၏ညီ ငလာရို့ဖြစ်ကတ်ပါရေ။ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နှစ်ဆန်းတရက်နိမာ ကျင်းပပါရေ။ ပွဲတော်အတွင်း ဘုရားဖူးလာသူရို့ကို ထမင်းနန့် သဘာဝ "ပြိန်းဟင်း" တိကို စတုဒိသာကျွေးကတ်ပါရေ။
၁။ အောက်ပါကွက်လပ်တိကို ဖြည့်စွက်ပါ။ (Fill in the blanks)
(က) ကံ့ကော်တောဘုရားသည် __________ မြို့၏ ကြက်သရေဆောင် တန်ခိုးကြီးဘုရားဖြစ်သည်။
(ခ) ဘုရားဖူးလာသူရို့ကို သဘာဝ __________ ဟင်းနန့် ကျွေးပါရေ။
(ဂ) မူလဒကာမှာ __________ ဇနီးမောင်နှံ နန့် ငပုညီ ငလာရို့ဖြစ်ပါသည်။
၂။ အောက်ပါမိန်းခွန်းတိကို ဖြေပါ။ (Answer the questions)
(က) ဘုရားပွဲတော်ကို ဇာအချိန်မာ ကျင်းပလေး။
(ခ) ဘုရားပွဲအတွင်းမာ ပြိန်းဟင်းကို ဇာကြောင့် အလုအယက်စားသောက်ကတ်လေး။
(ဂ) ဘုရားပတ်ဝန်းကျင်က ရီတွင်းရေ ဇာပိုင်ထူးခြားလေး။