သင်ခန်းစာ-၆၀
တောင်စဉ်ကမ်း
တောင်စဉ်ကမ်းဆိုစွာရေ ရိုးမတောင်နန့် ပင်လယ်ကြား ဒေသတခုဖြစ်ပါရေ။ အောက်ပါမြစ်ချောင်းတိကြားမာ တည်ဟိရေ နီရာတိကို ခေါ်ဆိုခြင်းဖြစ်ပါရေ -
မအီချောင်း
လမူးချောင်း
တန်းလွဲချောင်း
တောင်ကုတ်ချောင်း
သဌီးချောင်း
သံတွဲချောင်း
ကျိန္တလီချောင်း
တောင်စဉ်ကမ်းကို "တောင်စဉ်ခနစ်ခရိုင်" လို့လေ့ အခေါ်များကတ်ပါရေ။ ရခိုင်မင်းအဆက်ဆက်အုပ်စိုးရေခေတ်ကပင် မြို့ရွာတိနန့် စည်စည်ကားကားဟိခပါရေ။
ထင်ရှားသော သမိုင်းဝင်နေရာများ -
- သံတွဲမြို့ - ဆံတော်၊ အံတော်၊ နံတော် ဘုရားသုံးဆူ
- တောင်ကုတ်မြို့ - မဟာမုနိဖောင်တော်ဦးဘုရား
- တန်းလွဲချောင်း - မောင်းထောင့်တောင် ပေါ်တော်မူဘုရား၊ ငလုံးမော်ကျောက်စာ
- မအီဒေသ - မအီစက်တော်ရာ၊ စံကားတောင်ဘုရား
လိကျင့်ဖို့
၁။ အောက်ပါစကားလုံးတိကို ဝါကျဖွဲ့ပါ။
- တောင်စဉ်ကမ်း: တောင်စဉ်ကမ်းဒေသရေ သဘာဝအလှတိနန့် သာယာလှပါရေ။
- ရိုးမတောင်: ရခိုင်ရိုးမတောင်တန်းရေ အဖိုးတန်သစ်ဝါးတိ ပေါများပါရေ။
- ကျောက်စာ: ငလုံးမော်ဘုရားမာ ရှိဟောင်းကျောက်စာကို လေ့လာနိုင်ပါရေ။
- သမိုင်းဝင်: သံတွဲဟိ ဘုရားသုံးဆူရေ အထူးထင်ရှားရေ သမိုင်းဝင်ဘုရားတိဖြစ်ပါရေ။
- ရှိဟောင်း: ရခိုင်ပြည်မာ ရှိဟောင်းယဉ်ကျေးမှုအမွေအနှစ်တိ များစွာဟိပါရေ။
၂။ အောက်ပါဝါကျတိကို ကွက်လပ်ဖြည့်ပါ။
- (က) တောင်စဉ်ကမ်းဆိုစွာရေ ရိုးမတောင်နန့် ပင်လယ် ကြားဒေသတစ်ခု ဖြစ်ပါရေ။
- (ခ) တောင်စဉ်ကမ်းကို တောင်စဉ်ခနစ်ခရိုင် လို့လည်း အခေါ်များကတ်ပါရေ။
- (ဂ) တောင်စဉ်ကမ်းရေ ဆန်၊ စပါး၊ သစ်၊ ဝါး၊ အသီးအနှံတိ ပေါများလို့ နီကောင်းထမန်း ဒေသတခုဖြစ်ပါရေ။